ငြိမ်းချမ်းစွာစီတန်းလှည့်လည်၍ လူထုဆန္ဒထုတ်ဖော်ပြသခြင်း
ပူတာအို ၊ အောက်တိုဘာ (၇)
ကေအိုင်အေဦးဆောင်သော လက်နက်ကိုင်သူများသည် တည်ငြိမ်အေးချမ်းလျက်ရှိသော ပူတာအိုဒေသကို ရရှိရေးအတွက် လမ်းကြောင်းအသီးသီးမှ စစ်ရေးဖြင့်ဝင်ရောက်သိမ်းပိုက်ရန် နှစ်စဥ်ကြိုးပမ်းလျက်ရှိနေပါသည်။ ၂၀၂၄ ခုနှစ်အတွင်း ချီဖွေဆော့လော် နှင့် ပန်ဝါဒေသများကို စိုးမိုးထားနိုင်ခဲ့ပြီး ထိုမှတဆင့် ခေါင်လန်ဖူးမြို်နယ်အတွင်းသို့ ဝင်ရောက်ရန်ကြိုးစားလာသည်မှာ တစ်နှစ်ခန့်ရှိ ပြီဖြစ်ပါသည်။ ရွှေသတ္တုထွက်ရှိသော လန်ဆယ်ဒေသကို ခြေကုပ်ယူပြီး နယ်စပ်လမ်းများမှတဆင့် လူအင်အား၊ လက်နက်နှင့်ရိက္ခာများ၊ ဆေးဝါးများ အလွယ်တကူ ရယူနိုင်သည့် အားသာချက်ကိုအခွင့်ကောင်းယူကာ လန်ဆယ်ဒေသမှ ဆော့လော်ခေါင်လန်ဖူး နယ်စပ်ဖြစ်သည့် လာဟီဆင် တောင်အထိ ရောက်ရှိနေရာယူပြီးဖြစ်သည်။ ထိုမှတဆင့်အင်အားအလုံးအရင်းဖြင့် ခေါင်လန်ဖူးမြို့နယ်သို့ ထိုးစစ်ဆင်လာသဖြင့် တပ်မတော်နှင့် ဌာနယ်ပြည်သူ့စစ်တပ်ဖွဲ့များက ထိုတောင်ပေါ်တွင် ခုခံဟန့်တားထားသည့် အချိန်...

