မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း (၁၈) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး ကျင်းပ
နိုဝင်ဘာ ၂၄၊ ပူတာအို
မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း (၁၈) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နဝဒေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပပါတယ်။
ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦးက Video Message ပေးပို့၍ နှုတ်ခွန်း ဆက် အမှာစကားပြောကြားရာတွင် ၂၀၀၄ ခုနှစ်က စတင်ဖွဲ့စည်း ခဲ့သည့် မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းကို မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေအရ ၂၀၁၅ ခုနှစ်တွင် စာရင်းပညာဆိုင်ရာ အမျိုးသားအဆင့်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပြီး သီးခြားလွတ်လပ်သော မြန်မာနိုင်ငံ၏ စာရင်းပညာရှင်အဖွဲ့အစည်းအနေဖြင့် ရပ်တည်လျက် ရှိပါကြောင်း၊ စာရင်းပညာဖွံ့ဖြိုးတိုးတက်စေရေး၊ အသက်မွေးဝမ်းကျောင်းပညာရပ်၊ ကိုယ်ကျင့်တရားနှင့် စီမံအုပ်ချုပ်မှုဆိုင်ရာ စံများ၊ လ...