Year: 2026

ခေါင်းစဉ် (Headline)အီရန်အထွတ်အထိပ်ခေါင်းဆောင် အယာတိုလာ အလီ ခါမီနီ သေဆုံးကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများ ထုတ်ပြန် — ဒေသတွင်းတင်းမာမှု မြင့်တက်
Beauty Tips

ခေါင်းစဉ် (Headline)အီရန်အထွတ်အထိပ်ခေါင်းဆောင် အယာတိုလာ အလီ ခါမီနီ သေဆုံးကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများ ထုတ်ပြန် — ဒေသတွင်းတင်းမာမှု မြင့်တက်

အကျဉ်းချုပ် (Deck)အီရန်နိုင်ငံပိုင်မီဒီယာများက Supreme Leader အယာတိုလာ အလီ ခါမီနီ သေဆုံးကြောင်း ထုတ်ပြန်ခဲ့သည်ဟု နိုင်ငံတကာသတင်းရင်းမြစ်များက ဖော်ပြ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း social media ပေါ်တွင် သေဆုံးမှုကို ရေးသားပြောဆိုထားပြီး အခြေအနေများ ဆက်လက်ပြောင်းလဲနိုင်သဖြင့် သတင်းကို Update လုပ်သွားမည်။ Published: 1 Mar 2026 — 05:39 CET (Berlin) | 11:09 MMT (Myanmar)Last updated: 1 Mar 2026 — 05:39 CET (Berlin) | 11:09 MMT (Myanmar) မတ် ၁၊ ၂၀၂၆ (ဘာလင်) — အီရန်နိုင်ငံ၏ အထွတ်အထိပ်ခေါင်းဆောင် (Supreme Leader) အယာတိုလာ အလီ ခါမီနီ သေဆုံးကြောင်းကို အီရန်နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်ခဲ့သည်ဟု နိုင်ငံတကာသတင်းရင်းမြစ်များက ဖော်ပြထားသည်။ တစ်ဖက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Truth Social ပေါ်တွင် ခါမီနီသေဆုံးမှုနှင့်ပတ်သက်၍ ရေးသားပြောဆိုထားသည်ဟု သတင်းရင်းမြစ်များက ဖော်ပြထားပြီး၊ အစ္စရေးဝန်ကြီ...
Beauty Tips

ဂမ်ဘီယာနှင့် မြန်မာတို့၏အမှုနှင့်ပတ်သက်၍ ကြားနာပွဲ ဆက်လက်ပြုလုပ် မြန်မာ၏ ဒုတိယအကျော့ လျှောက်လဲမှုများစတင်

ပူတာအို၊ ဇန်နဝါရီ ၃၀ ဂမ်ဘီယာနှင့် မြန်မာတို့၏အမှုနှင့်ပတ်သက်၍ ကြားနာပွဲ (Oral Hearing) ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ ပြုလုပ်လျက်ရှိရာ မြန်မာ၏ ဒုတိယအကျော့လျှောက်လဲမှုကို ဇန်နဝါရီ ၂၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် စတင်ပါတယ်။ မြန်မာနိုင်ငံ၏ ရှေ့နေများက ဂမ်ဘီယာ၏ အထောက်အထားများ ခိုင်လုံမှုမရှိကြောင်းနှင့် တရားသူကြီးများ၏ မေးခွန်းများကို လျှောက်လဲဖြေကြားကြပါတယ်။ ရှေးဦးစွာ မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေ Mr. Christopher Staker က မြန်မာနိုင်ငံ၏ ဒုတိယအကျော့ လျှောက်လဲချက်၏ အဖွင့်နိဒါန်းပြောကြားရာတွင် မြန်မာနိုင်ငံ၏ ပထမအကျော့ လျှောက်လဲချက်တွင်ဖော်ပြခဲ့သည့် ရပ်တည်ချက်အတိုင်း ဆက်လက်ရပ်တည်ပါကြောင်း၊ ဂမ်ဘီယာသည် အထောက်အထားအသစ် မတင်ပြနိုင်ဘဲ အချက်အလက် စုံစမ်းရှာဖွေရေးအဖွဲ့ (FFM) နှင့် ကျွမ်းကျင်သက်သေ Newton ၏ အချက်အလက်များကိုသ...
Beauty Tips

ထပ်မံလွှဲပြောင်းပေးအပ်အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၄၅ ဦး မြန်မာ – ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးအပ်ထပ်မံလွှဲပြောင်းပေးအပ်

ပူတာအို၊ ဇန်နဝါရီ ၂၀ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် အီသီယိုးပီးယားနိုင်ငံသား ၁၇ဦး၊ ယူဂန်ဒါနိုင်ငံသား ၁၆ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၁၁ ဦး နှင့် မာဒါဂတ်စကာနိုင်ငံသား တစ်ဦး၊ စုစုပေါင်းပြည်ပနိုင်ငံသား ၄၅ဦးတို့အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထား မှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံ လွှဲပြောင်းပေးခဲ့ပါတယ်။ အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေ ချောမွေ့ စေ ရေးအတွက် မြဝတီခရိုင် စီ...
Beauty Tips

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ဌာနဆိုင်ရာ/ ရုံးစာရွက် စာတမ်းများအား အခကြေးငွေရယူကာ လိမ်လည်အတုပြုလုပ်နေသူများအား ဖော်ထုတ်ဖမ်းဆီး

ပူတာအို၊ ဇန်နဝါရီ ၂၀ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ဌာနဆိုင်ရာ/ ရုံးစာရွက် စာတမ်းများအား အခကြေးငွေရယူကာ လိမ်လည်အတုပြုလုပ်နေသူများအား ဇန်နဝါရီလ ၁၄ ရက်နေ့က ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။ ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ဌာနဆိုင်ရာ/ရုံးစာရွက်စာတမ်းများအား အခကြေးငွေရယူကာ လိမ်လည်အတုပြုလုပ်ခြင်းများရှိကြောင်း သတင်းအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက သတင်းစုံစမ်းဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၆ နာရီခွဲအချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဗထူး(၁၁)လမ်းနေ ဂျင်မီအောင်(ခ)ကုလားကြီး(ခ)ဟာရွန်(၄၀)နှစ်၏ နေအိမ် အတွင်းမှ ၎င်းနှင့်အတူ ကျော်ထက်အောင်(၂၄)နှစ်တို့နှစ်ဦးအား ပြုလုပ်ထားပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားအတု ၄၅ ခု၊ ပြုလုပ်ဆဲ နိုင်ငံသားစိစစ်ရေ...
Beauty Tips

မင်္ဂလာပွဲတွင် ဖျော်ဖြေရန်အတွက်ဟုဆိုကာ ကျားဖျန့်ဂိုဏ်းသို့ လိမ်လည်ခေါ်ဆောင်ပြီး ပြန်ပေးဆွဲနှိပ်စက်ခံရကာ ကျပ်သိန်း သုံးထောင်ကျော်ပေးခဲ့ရဟု အဆိုတော်ရှင်မင်းမြတ် ပြောကြား

ပူတာအို၊ ဇန်နဝါရီ ၁၇ မင်္ဂလာပွဲတွင် ဖျော်ဖြေရန်အတွက်ဟုဆိုကာ ကျားဖျန့်ဂိုဏ်းသို့ လိမ်လည်ခေါ်ဆောင်ပြီး ပြန်ပေးဆွဲနှိပ်စက်ခံရကာ ကျပ်သိန်း သုံးထောင်ကျော်ပေးခဲ့ရဟု အဆိုတော်ရှင်မင်းမြတ်က သူ၏လူမှုကွန်ရက်မှတစ်ဆင့် ရေးသားထားဖော်ပြထားပါတယ်။ နှိပ်စက်ခံရသဖြင့် ရရှိထားသည့် ဒဏ်ရာများနှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ တိုင်ကြားထားသည့် စာတစ်စောင်ကို  အဆိုတော်ရှင်မင်းမြတ်က လူမှုကွန်ရက်တွင်ဖော်ပြထားပါတယ်။ အဆိုတော်ရှင်မင်းမြတ်မှာ မူဆယ်မြို့သို့ မဂ်လာဆောင် ကိစ္စဖြင့် ဖိတ်ကြားခံရပြီး ဇန်နဝါရီ ၄ ရက်က မန္တလေးမြို့သို့ မိတ်ဆွေတစ်ဦးနှင့်အတူ သွားရောက်ခဲ့ကြောင်း၊ ဇန်နဝါရီ ၅ ရက်တွင် မူဆယ်မြို့သို့ သွားရောက်ရန် ကားဖြင့်ခေါ်ဆောင်လာခဲ့ကြောင်း၊ မူဆယ်မြို့သို့ ရောက်ရှိချိန် ဇန်နဝါရီ ၆ ရက်တွင် ပွဲကျင်းပမည့်နေရာသို့ ကြည့်ရှုပြင်ဆင်ရန် သွားလိုကြောင်း ပြောရာ လူ လေးဦးက လာရောက်ခေါ်ဆောင်ခဲ့ကြောင်း၊ လူလေးဦးအနက် တစ်...