ခိုးမှုတွေဆက်တိုက်ဖြစ်လာတဲ့ ပူတာအို
ပူတာအို၊ ဇွန် ၃
အခုရက်ပိုင်း ပူတာအိုမြို့ပေါ်ရပ်ကွက်တွေမှာ သူခိုးဝင်ပြီး ပစ္စည်းခိုးယူမှုများ ဆက်တိုက်ဖြစ်ပေါ်ကြောင်းသိရ ပါတယ်။ လွန်ခဲ့သည့် မေလ ၃၀ရရက်နေ့မမှ စတင်ကာ ဇွန် ၂ ရက်အတွင်း ငွေသားခိုးယူမှုနှင့် ဆိုင်ကယ်ခိုးယူမှု ရှိကြောင်း ဆက်တိုက်ကြားနေရသည်။
မေ ၃၁ ရက်နေ့တွင်လည်း ဒုတ္တန်ရပ်ကွက်ရှိနေအိမ်တစ်ခုတွင် အိမ်ရှင်များဘုရားကျောင်းသွားနေခိုက် နေအိမ်အခန်းအားလုံးမွှေနှောက်ခံရကြောင်း ဆိုရှယ်မီဒီယာတွင် တွေ့ရပါသည်။ ဂျုပလီရပ်ကွက်မနအိမ်တစ်မှာ ငွေသား သိန်းရာချီအခိုးခံရကြောင်းဆိုရှယ်မီဒီယာတွင်တင်ထားပြီး နာမကျန်းဖြစ်လို့ဆေးရုံတက်နေတဲ့ သမီးကိုကြည့်ရန် နောင်မွန်ဘက်မှ ဆေးရုံကိုလာတဲ့ ဖခင်တစ်ဦးရဲ့ဆိုင်ကယ်ပါအခိုးခံရလို့ ဒုက္ခရောက်နေကြောင်းသိရပါသည်။
ပြီးခဲ့သည့်လ တွေမှာလည်း ကျေးရွာတွေမှာ ကျွဲနွားကအစခိုးယူခံရကြောင်း ကြားသိခဲ့ရသည်။
ယခုကဲ့သို့ ခိုးမှုများဆက်တိုက်ဖြစ်လာရခြင်းမှာ ဒေသအတွင်း မူးယစ်ဆေးဝါးသု...
