လိုင်ဇာမြို့အနီး စစ်တပ်၏ ဒရုန်း ကျရောက်ပေါက်ကွဲ

အောက်တိုဘာ ၁၆ ရက်၊ ည ၁၁ နာရီကျော်ခန့်က ကချင်လွတ်လပ်ရေးတပ် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့ပေါ် မုန်လိုင်ကွင်းအနီးက ဈေးတန်းလျားကို စစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ ဆိုင်တန်းလျားမှာ အိပ်နေတဲ့ စျေးသည် တရုတ် အဘိုးကြီး နဲ့ အဘွားကြီး ထိသွား တဲ့အခြေအနေရှိပါတယ်” လို့ KIA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

အိမ်ခေါင်မိုးတွေအကုန်လုံးလည်း ပွင့်ထွက်သွားခဲ့တာတွေ့ရတယ်လို့ သူက ပြောပါတယ်။

ဒရုန်းကျတဲ့နေရာဟာ KIA ဌာနချုပ်နဲ့ နီးစပ်တဲ့နေရာဖြစ်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။

KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို ဒီနှစ်ထဲမှာ အသေခံဒရုန်း နဲ့ တိုက်ခိုက်မှု အခုဆို ၅ ကြိမ်အထိ ရှိလာပြီဖြစ်ပါတယ်။