၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၊ ပူတာအိုခရိုင်အတွင်း ပြည်သူ့လွတ်တော်အတွက် မြို့နယ်အသီးသီး၌ ယှဉ်ပြိုင်မည့် လွတ်တော်ကိုယ်စားလှယ်လောင်းများ

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင် ပူတာအိုခရိုင်တွင်းရှိမြို့နယ် (၅)မြို့နယ်အနက် ဆွမ်ဘရာဘွမ်မှလွဲ၍ ကျန်(၄) မြို့နယ်ပါဝင်မည် ဖြစ်သည်။ အဆိုပါ(၄)မြို့နယ်မှ ပြည်ထောင်စုအဆင့်အတွက် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် တစ်ဦးစီအား သက်ဆိုင်ရာမြို့နယ်ရှိ မဲဆန္ဒရှင်များက ဆန္ဒမဲပေး၍ ရွေးကောက်တင်မြောက်ရမည်ဖြစ်ပါသည်။ မြို့နယ်အသီးသီး၌ ပါဝင်ယှဉ်ပြိုင်ရမည့် ကိုယ်စားလှယ်လောင်းများနှင့် ယင်းတို့ ကိုယ်စားပြုသောပါတီအမည်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) ပူတာအိုမြို့နယ်

——————-

(၁) ဦးစန်းထွန်း (ဒီမိုကရေစီပါတီသစ် (ကချင်) – N.D.P (ကချင်))

(၂) ဦးစဝ်နွဲ့နိုခမ်း (ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (S.N.D.P)(ကျားဖြူ))

(၃) ဦးဒိန်ခန်ဒါဝိ (ကချင်ပြည်နယ်ပြည်သူ့ပါတီ (K.S.P.P))

(၄) ဦးမီချယ်ဖုန်ရမ် (မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ (M.F.D.P))

(၅) ဒေါ် မို့မို့လွင် (ပြည်သူရှေ့ဆောင်ပါတီ P.P.P)

(၆) ဦးရားနီ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (U.S.D.P))

(၇) ဒေါ် အားဒူးဒွေ့ (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ -N.U.P)

(ခ) မချမ်းဘော့မြို့နယ်

———————

(၁) ဦးငွါးရဲ့ဆဲ (ကချင်ပြည်နယ်ပြည်သူ့ပါတီ (K.S.P.P))

(၂) ဦးလဘန်းဖုန်ဆားရ် (ပြည်သူ့ရှေ့ဆောင်ပါတီ (P.P.P))

(၃) ဦးနန်မွန်ထင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (U.S.D.P))

(ဂ) နောင်မွန်မြို့နယ်

——————

(၁) ဦးရယ်ဒမ်းတန် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (U.S.D.P))

(ဃ) ခေါင်လန်ဖူးမြို့နယ်

———————-

(၁) ဦးလယ်မယ်အားရွှေရမ် (လီဆူမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (L.N.D.P))

(၂) ဦးအောင်ရဲလင်း (ပြည်သူ့ရှေ့ဆောင်ပါတီ (P.P.P))

(၃) ဦးဆင်ဆုန်း (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (U.S.D.P))

(၄) ဦးထူဟူးနိုင် (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (N.D.P))

ရွေးကောက်ပွဲသည် ဒီမိုကရေစီသို့ သွားရာတစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဒီမိုကရေစီကို လိုလားပါက ရွှေးကောက်ပွဲကို လက်ခံရမည်ဖြစ်သည်။ မဲရုံသွား၍ မိမိနှစ်သက်ရာ ကိုယ်စားလှယ်လောင်းကို ထောက်ခံမဲပေးခြင်းဖြင့် ဒီမိုကရေစီအစိုးရ တည်ဆောက်နိုင်မည်ဖြစ်သည်။