ပူတာအိုခရိုင်ပညာရေးကော်မတီဥက္ကဌဖလား (၁၉) နှစ်အောက် အမျိုးသားကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲကျင်းပ

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပူတာအိုခရိုင် ပညာရေးကောမတီဥက္ကဌဖလား၊ (၁၉) နှစ်အောက်အမျိုးသားကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲအား ပူတာအိုမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။

ပြိုင်ပွဲဝင် အသင်း (၉)သင်းရှိပြီး

အုပ်စု (က)တွင်

(၁) မချမ်းဘောမြို့နယ်

(၂) အ.ထ.က၊ လေယာဉ်ကွင်း

(၃) အ.ထ.က၊ ပူတာအို

(၄) အ.ထ.က၊ ဆန်ဂေါင်

(၅) အ.ထ.က၊ မူလာရှီးဒီး

အုပ်စု (ခ) တွင်

(၁) အ.ထ.က၊ ဒုတ္တန်

(၂) အ.ထ.က(ခွဲ)၊ နမ်ဟော့

(၃) အ.ထ.က(ခွဲ)၊ ပမ္မတီး

(၄) အ.ထ.က၊ ဇီးအွန် အသင်းတို့ ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သိရသည်။

အုပ်စုအဆင့်ပွဲစဉ်များအား (၈.၁၁.၂၀၂၅) မှ (၁၈.၁၁.၂၀၂၅) အထိ တစ်ရက်လျှင် ပွဲစဉ် (၂)ပွဲ ကစားလျက်ရှိကြောင်း သိရသည်။