ဒီမိုကရေစီဆိုသည်မှာ ပြည်သူလူထု၏ ဆန္ဒမဲဖြင့် ရွေးကောက်တင်မြောက်ထားသော ပြည်သူကိုယ်စားလှယ်များမှ တိုင်းပြည်အုပ်ချုပ်ရေးကို ဆောင်ရွက်သည့် စနစ်ဖြစ်ပါသည်။ အဆိုပါစနစ်သည် ပြည်သူ့ဆန္ဒအပေါ် အခြေခံထားသည့် အုပ်ချုပ်မှုစနစ်တစ်ရပ်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံအများစုတွင် လက်ခံအသုံးပြုလျက်ရှိပါသည်။
နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းသည် အချိန်နှင့် လုပ်ငန်းစဉ်များလိုအပ်သော လမ်းကြောင်းတစ်ရပ်ဖြစ်ပြီး အချိန်တိုအတွင်း ပြည့်စုံသော အပြောင်းအလဲ ဖြစ်ပေါ်ရန် ခက်ခဲနိုင်ပါသည်။ ထို့ကြောင့် ပြည်သူ့အစိုးရအဆင့်မှ စတင်၍ တဖြည်းဖြည်း ပြုပြင်တိုးတက်လာမှသာ စနစ်တကျသော ဒီမိုကရေစီစနစ်တစ်ရပ် ပေါ်ပေါက်လာနိုင်မည်ဖြစ်ပါသည်။
ဒီမိုကရေစီစနစ်တွင် ပြည်သူလူထု၏ ပါဝင်မှုသည် အရေးပါသော အခန်းကဏ္ဍတစ်ရပ်ဖြစ်ပြီး မဲပေးခြင်းသည် ပြည်သူ့ဆန္ဒကို တရားဝင်ဖော်ပြနိုင်သည့် အခြေခံနည်းလမ်းဖြစ်ပါသည်။ မည်သူ၊ မည်သည့်အဖွဲ့အစည်းက ရွေးကောက်ပွဲကို ကျင်းပပါစေ ပြည်သူလူထုအနေဖြင့် မိမိလိုလားသည့် ကိုယ်စားလှယ်များကို မိမိဆန္ဒမဲဖြင့် ရွေးချယ်ခြင်းသည် ဒီမိုကရေစီလုပ်ငန်းစဉ်၏ အဓိကအချက်ဖြစ်ပါသည်။
မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းတွင် မိမိအမည် ပါဝင်ရမည်ဖြစ်ပြီး အမည်ပါဝင်မှု ရှိ/မရှိကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် စုံစမ်းနိုင်ပါသည်။ မပါရှိပါက သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်နိုင်ပါသည်။
ဒီမိုကရေစီစနစ်သည် ပြည်သူလူထု၏ ပါဝင်မှုမှတဆင့်သာ အဓိပ္ပါယ်ပြည့်ဝလာနိုင်သည့် စနစ်ဖြစ်သဖြင့် မဲပေးခြင်းဖြင့် မိမိ၏ ဆန္ဒကို ဖော်ပြခြင်းသည် အရေးပါသော ပြည်သူ့တာဝန်တစ်ရပ်ဖြစ်ကြောင်း သုံးသပ်နိုင်ပါသည်။
RSM Putao
