ကချင်ပြည်နယ် ပူတာအိုခရိုင်ရှိ နောင်မွန်မြို့နယ် နှင့် ခေါင်လန်ဖူးမြို့နယ် ဆက်သွယ်ထားသော ကားလမ်းသည် နှစ်စဥ် မိုးများသာကြောင့် မိုးတွင်းကာလတွင် ကားသွားလာလို့မရသည်အထိ မြေပြိုမှု လမ်းပိုင်းပျက်စီးမှုတို့ နှစ်စဥ်ကြုံတွေ့ရသည်။ ကားသွားလို့ရရန်အတွက် ဆောင်းရာသီရောက်မှသာ ပြုပြင်ဆောင်ရွက် လို့ရသောကြောင့် မိုးတွင်းကာလတွင် နှစ်စဥ် ပြည်သူအချို့ နှင့် ခေါင်းလန်ဖူး(ဌာနေ)ပြည်သူ့စစ်ဝင်တို့ ပူးပေါင်းကာ ကားသွားလာလို့မရသည့်ကာလအတွင်း ခရီးသွားပြည်သူများ သွားလာရအဆင်ပြေစေရန် အတွက် ဆိုင်ကယ်လမ်းကိုသာ နှစ်စဥ်ပြုပြင်ဆောင်ရွက်ပေးလျက် ရှိခဲ့သည်။
ယခုနှစ်တွင် ထို့အတူ မိုးများ၍ လမ်းပိုင်းပျက်စီးမှုများရှိလာသောကြောင့် ကောင်လိုလပ်အုပ်စုမှ ပြည်သူ အချို့နှင့် ပြည်သူ့စစ်အဖွဲ့မှ တပ်ဖွဲ့ဝင်အချို့တို့ ပူးပေါင်း၍ ယာယီိဆိုင်ကယ်လမ်းကို ခရီးသွားအဆင်ပြေစေရန်အတွက် မြေညှိခြင်း၊ သစ်လုံးများဖြတ်တောက်ခြင်း ငါ့လုံဒမ်မှ ရီဒမ်းရွာအထိ ပြုပြင်ဆောင်ရွက်ခဲ့ကြကြောင်း ကားသွားလာမှု အဆင်ပြေစေရန်အတွက်တော့ နှစ်စဥ် ဆောင်းရာသီအဝင်လောက်မှ ပြုပြင်မွန်းမံလျက်ရှိကြောင်း
ဒေသခံတစ်ဦးထံမေးမြန်းမှုမှ RSM ကြားသိရန်သည်။
ပူတာအို၊ ဇူလှိုင် ၂၈
# RSM




