ကချင်ပြည်နယ်မှ မြို့နယ် လေးခုတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ကြေငြာ

ကချင်ပြည်နယ်မှ မြို့နယ်လေးခုအပါအဝင် မြို့နယ် ၁၂၁ ခုတွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ခြင်းမရှိကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

KIA တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားသည့် ချီဖွေ၊ ဆော့လော်၊ ဆွမ်ပရာဘွမ်နှင့် အင်ဂျန်းယန်မြို့နယ်တို့တွင် မြို့နယ်တစ်ခုလုံး ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ခြင်းမရှိကြောင်း ကြေညာထားခြင်းဖြစ်သည်။

ရွေးကောက်ပွဲ အပိုင်း (၁) တွင် ကချင်ပြည်နယ်မှ မြစ်ကြီးနား၊ တနိုင်း၊ ခေါင်လန်းဖူး၊ နောင်မွန်း၊ ပူတာအိုနှင့် မိုးညှင်းမြို့နယ်တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်နေ့ ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် ကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်များတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၅၆ ခု၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူ အနိုင်ရစနစ် (FPTP) မဲဆန္ဒနယ် ၉ ခု၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူ အနိုင်ရစနစ် (FPTP) မဲဆန္ဒနယ် ၅၆ ခု ပါဝင်သည်။

စက်တင်ဘာ ၁၅၊ ၂၅

#RSM