ကြက်ဥအတုတွေမှာ ဓာတုပစ္စည်းတွေအများအပြားပါဝင်နေတာကြောင့် စားသုံးသူများအတွက် အန္တရာယ်အလွန်များလှပါတယ်။ ကြက်ဥအတုမှာ အဓိကအများဆုံးပါဝင်တာကတော့ ကယ်လ်စီယမ်အယ်ဂျင်နိတ် ဂျယ်စ်ဖြစ်ပါတယ်။ တရုတ်နိုင်ငံကြက်ဥအတုများတွင် ဆိုဒီယမ်အယ်လ်ဂျီနိတ် (Sodium Alginate)၊ ကယ်လ်စီယမ်ကလိုရိုက် (Calcium Chloride)၊ မင်နှင့် အခြား ဓာတုပစ္စည်းများဖြင့် ပြုလုပ်ထားကြောင်း သိရသည်။
ကြက်ဥအကာအဖြူများသည် ဆိုဒီဂျင်အယ်ဂျင်နိတ်၊ Alum၊ Gelatin၊ စားသုံးနိုင်သော ကယ်လစီယမ်ကလိုရိုက် နှင့် ရေနှင့် အစားအစာအရောင်မှုန့်များကို ပေါင်းစပ်ကာ ပြုလုပ်ထားကြောင်း၊ ကြက်ဥအနှစ်ကိုတော့ တခြားသော အဝါရောင်ရှိတဲ့ အစားအစာအရောင်မှုန့်တို့ကို အသုံးပြုကာ ပြုလုပ်ထားခြင်းဖြစ်ပြီး ဥခွံကိုတော့ Paraffin Wax, Gypsum အမှုန့်၊ Calcium Carbonate နှင့်အခြားပစ္စည်းများဖြင့်ပြုလုပ်ပါတယ်လို့ သိရပါတယ်။
ကြက်ဥအတုသည် အာဟာရဓာတ်မရှိသည့်အပြင် ရေရှည်စားသုံးပါက ဇီဝကမ္မဆိုင်ရာ ချို့ယွင်းမှုများ၊ ဦးနှောက်ပျက်စီးမှုများ သို့မဟုတ် အသည်းရောဂါများ ဖြစ်နိုင်ကြောင်း ကျန်းမာရေးဆိုင်ရာ သတိပေးချက်များလည်း ရှိသည်။
ကြက်ဥဝယ်ယူသည့်အခါ ပုံမှန်မဟုတ်ဘဲ အလွန်ချောမွေ့ခြင်း၊ အခွံပါးလွှာခြင်း သို့မဟုတ် အတွင်းသားအရောင် ပုံမှန်နှင့် မတူညီခြင်း စသည့်လက္ခဏာများကို သတိထား၍ စစ်ဆေးသင့်ပါသည်။
စားသုံးသူပြည်သူများအနေဖြင့် မိမိတို့၏ ကျန်းမာရေးအတွက် တရားဝင် သတင်းရင်းမြစ်များနှင့် စားသုံးသူရေးရာဦးစီးဌာနကဲ့သို့သော သက်ဆိုင်ရာဌာနများ၏ သတိပေးချက်များကို စောင့်ကြည့်ပြီး၊ မသင်္ကာဖွယ်ရာ ကြက်ဥများ တွေ့ရှိပါက သက်ဆိုင်ရာဌာနများသို့ ချက်ချင်း သတင်းပေးပို့သင့်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။
