ခေါင်လန်ဖူးမြို့နယ်မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်လှစ်ခြင်းနှင်မဲပေးစက်လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပ

ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်၌လာမည့်ဒီဇင်ဘာလ တွင်ကျင်းပမည့် ပါတီစုံအထွေထွေရွေး ကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ခေါင်လန်ဖူးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှကြီးမှူးကျင်းပသော မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်လှစ်ခြင်းနှင်မဲပေးစက်လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းအခမ်းအနားကို စက်တင်ဘာလ ၂ရက်နံနက် ၉နာရီတွင် ခေါင်လန်ဖူးခန်းမဆောင်၌ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးနိုင်လင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခေါင်ဆင်က ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအားလုံးပူးပေါင်းဆောင်ရွက်ရန်မှာကြားသည်။မြို့နယ်စီမံခန့်ခွဲရေးနှင်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ရဲမှူးသိန်းသန်မှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေရှင်းလင်းခြင်း၊မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ဝင် မြို့နယ်ပညာရေးမှူး ညိုလင်းက မဲရုံတွင်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအား သိသင့်သိထိုက်သည်များမှာကြားခြင်း၊မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်ရေးမှူးမြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးနန်ဇေ့ဖုန်ဂါရမ်က မဲပေးစက်ကိုယ်တွယ်အသုံးပြုနည်းသင်တန်းကိစ္စ၊မဲပေးစက်နှင့် ရွေးကောက်ပွဲဆိုင်ရာသိကောင်းစရာများရှင်းလင်းပြောကြားပြီး မဲပေးစက်လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင်အဖွဲ့ဝင်များ၊မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင်အဖွဲ့ဝင်များ၊ မဲရုံဝန်ထမ်း(၂၃၀)ဦး၊ဌာနဆိုင်ရာများ၊မြို့နယ်နိုင်ငံရေးပါတီကိုယ်စားလှယ်များနှင့်ရဝမ်၊လီဆူယဥ်ကျေးမှုအဖွဲ့များ၊ရပ်မိရပ်ဖများစုစုပေါင်း ( ၂၆၀) ဥိီးတက်ရောက်ခဲ့ပါသည်။အဆိုပါ မဲပေးစက်ကိုင်တွယ်အသုံးပြနည်းသင်တန်းအား (၂-၉-၂၀၂၅)ရက်နေ့မှ (၅-၉-၂၀၂၅)ရက်နေ့အထိ အသိပညာပေးသင်တန်း ပို့ချမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#RSM