တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတွင်ပါဝင်သည့် စီမံ ကိန်းများ၊ သဘောတူညီချက်များကို အမြန်ဆုံးအ ကောင်အထည်ဖော်သွားရန် မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်၊ ယူနန်ပြည်နယ်ပါတီ ကော် မတီ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မရှင်အတွင်း ရေးမှူး Mr. Hu Dapeng တို့ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံတော် ယာယီသမ္မတသည် ကာဇက်စတန်နိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့ရှိ ကူမင်းလေ ဆိပ်၌ခေတ္တရပ်နားစဥ် Mr. Hu Dapeng မှကြိုဆိုနှုတ် ဆက်ပြီး လေဆိပ်ဧည့်ခန်းမဆောင်၌တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
တွေ့တုံစဥ် တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံတို့သည် ခိုင်မာသည့်ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးရှိသော အိမ်နီး ချင်းနိုင်ငံများဖြစ်ပြီး ယုံကြည်ရသည့်မိတ်ဆွေနိုင်ငံဖြစ်မှု၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် ငလျင်သဘာဝဘေးအပါအဝင် သဘာဝဘေးအ န္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ရချိန်တိုင်းကူညီပေးလျက်ရှိမှုနှင့် ဆက်လက်၍လည်းလိုအပ်သည်များကို ကူညီပေးသွားမည်တို့အား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် တရုတ်-မြန်မာနယ်စပ်ဒေသတည်ငြိမ်အေး ချမ်းမှုထိန်းသိမ်းရေးအတွက် နှစ်နိုင်ငံအပြည့်အဝ ပူး ပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ နယ်စပ် ဖြတ်ကျော်မှုခင်းနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတွင်ပါဝင်သည့် စီမံကိန်းများ၊ သဘောတူညီချက်များကို အမြန်ဆုံးအောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ယူနန်ပြည်နယ်တို့ကြား ကူးလူးဆက်ဆံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာများ၊ နှစ်နိုင်ငံနှင့်ပြည်သူနှစ်ရပ်ကြား အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်သွားနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
Crd: Popular News
#RSM
