ပူတာအိုမြို့နယ်၊ မာမူးလဲ့ကျေးရွာတွင် နေအိမ်ဖောက်ထွင်းခံရသောကြောင့် သူခိုးလိုက်ရာတွင် အိမ်ရှင်အမျိုးသားအသတ်ခံရကြောင်းသိရပါသည်။
ဖြစ်စဉ်မှာ ၁၈.၁၀.၂၀၂၅ ရက်နေ့ တွင် မာမူးလဲ့ကျေးရွာတွင်နေထိုင်သူ အမျိုးသားတစ်ဦးမှာ ကျေးဇူးတော်ချီးမွမ်းပွဲပြုလုပ်ရာ ဘုရားကျောင်းမှ ညနေ
၁ နာရီခန့်တွင်မိမိနေအိမ်သို့ပြန်လာရာ နေအိမ်မှာသူခိုးဖောက်ထွင်းခံရသဖြင့် သူခိုးနောက်လိုက်သွားခဲ့သည်။ ညနေစောင်းအထိ မပြန်လာသဖြင့် သူ့အမျိုးသမီးနှင့်မိသားစုများက စိုးရိမ် လာသောကြောင့် ဘုရားကျောင်းမှ ရွာသားများကို အကြောင်းကြားကာ သူလိုက်သွားသော ကျေးရွာ အနောက်ဘက်ရှိ သစ်တောထဲကို ရှာဖွေခဲ့ရာ ခန္ဓာကိုယ်နှင့်ဦးခေါင်းတို့တွင် ကျောက်ခဲဟုယူဆရသော အရာဖြင့်ရိုက်ခံရသဖြင့် အသက်သေဆုံးလျှက်တွေ့ရှိခဲ့ကြောင်း သိရပါတယ်။
ရွာသားတစ်ဦးက ” မနေ့က ၁ နာရီကျော်လောက်ဖြစ်မယ်။ ဘုရားကျောင်းမှာ ကောက်သစ်စားပွဲလုပ်နေတာ။ ဘုရားကျောင်းကနေအိမ်ပြန်တဲ့ချိန် အဲလိုဖြစ်သွားတာ၊ အိမ်ကနေ ဆန်တွေပါသွားလို့လိုက်တာ ဟုတ်တယ်၊ သူ့မိန်းမလည်း စောစောအကြောင်းမကြားလို့ မိုးချုပ်မှပဲလိုက်သွားကြတာ အသက်မရှိတော့ဘူး၊ ဘယ်သူဘယ်ဝါသတ်တယ်ဆိုတာရော မသိရသေးဘူး၊ ဒီနေ့ သဂ္ဂြိုဟ်လိုက်ပြီ” ဟုပြောပါတယ်။
ပူတာအိုဒေသတွင်ရှိ ပြည်သူများလည်း အခုလိုမဖြစ်ရန် သတိထားဖို့လိုအပ်ကြောင်း၊ အကြောင်းတစ်ခုခုဖြစ်ခဲ့လျှင် လူအများနဲ့သာလှုပ်ရှားသင့်ကြောင်း ပြောပါသည်။
ယခုနှစ်အတွင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များတွင် လုယက်မှု၊ ခိုးမှု၊ လူသတ်မှုများ မကြာခဏဖြစ်ကြောင်း သိရသည်။ ပူတာအိုမြို့ မှာတော့ ယခုနှစ်အတွင်း ခိုးမှုကြောင့် လူအသတ်ခံရတာ
ပထမဆုံးဖြစ်ကြောင်းသိရပါသည်။
RSM Putao
