လီဆူစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဌဖလား လယ်မယ်ဝါဂျီအသင်း ဗိုလ်စွဲ

ပူတာအိုမြို့နယ်၊ လီဆူစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဌဖလားအမျိုးသား အလွတ်တန်းဘော်လုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို ယနေ့ မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ကျင်းပခဲ့သည်။

ဗိုလ်လုပွဲစဉ်အဖြစ် မြို့မအသင်းနှင့် လယ်မယ်ဝါဂျီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး လယ်မယ်ဝါဂျီအသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။

အမျိုးသမီး ဘော်လုံးပြိုင်ပွဲ့တွင် မာမဲ့ကျေးရွာ အမျိုးသမီးအသင်းမှ ဗိုလ်စွဲခဲ့ကြောင်း သတင်းရရှိပါသည်။