September 11
မြန်မာနိုင်ငံအေဂျီ(ဧဝံဂေလိ)အသင်းတော်များ
အမှတ်(၂)အေဂျီသာသနာခရိုင်၊လူငယ်ဌာနမှကြီးမှူးကျင်းပသည့်(လူငယ်မိဿဟာယ)ဘောလုံးပြိုင်ပွဲ
ကို ဖွင့်ပွဲအခမ်းအနားအစီအစဉ်ကို စက်တင်ဘာလ ၈ ရက်နေ့တွင် နမ်ဆာရ်ဒမ်း (လေယဥ်ကွက်) ရပ်ကွက် အားကစားကွင်းတွင်ကျင်းပြပြုခဲ့ကြောင်းသိရပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ အမှတ်(၂)အေဂျီသာသနာခရိုင် ဥက္ကဌကြီးနှင့် အလုပ်အမှုဆောင်အဖွဲ့များတက်ရောက်ကာ Rev.ချန်းဒီးဗေး မှ အဖွင့်အမှာစကားပြောကြားခြင်း၊အသင်းတော်လူငယ်များမှဂုဏ်တော်ချီးမွမ်းခြင်းအစီအစဉ်များပြုလုပ်ခဲ့ပြီးနောက် အဖွင့်ပွဲစဉ်အနေဖြင့် (နမ်ဆာရ်ဒမ်း F.c)နှင့်(IBC F.c)အသင်းများယှဉ်ပြိုင်ခဲ့ပါသည်။
ပွဲစဉ်များကို အပတ်စဉ်(တနင်္လာနေ့မှသောကြာနေ့) အထိ တစ်ရက်(၁)ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး နမ်ဆာရ်ဒမ်း(လယက)၊ရပ်ကွက်(၃)ကွင်း နှင့် ကောင်ကထောင်၊ရပ်ကွက်(၄)ဘော်လုံးကွင်း တို့တွင် ညနေ (၃ : ၃၀)နာရီ မှစတင်ကာပွဲစဉ်ဇယားပါအတိုင်း ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း၊ ဘောလုံးချစ်ပရိတ်များမည်သူမဆိုလာရောက်ကြည့်ရှု့အားပေးနိုင်ကြောင်း အသင်းတော် မီဒီယာစာမျက်နှာတွင် ကြေငြာထားပါသည်။
#လူငယ်ဌာန(အမှတ်-၂)
#ကောင်ကထောင်၊ပူတာအိုမြို့။
Crd; AG Emmanuel Media













