ပူတာအို၊ ၂.၁၁.၂၀၂၅
ခရစ်တော်၏အသင်းတော် (ပူတာအို-မချမ်းဘော့) သာသနာနယ် စုပေါင်းခရစ္စမတ်ပွဲတော်ကို ဒုတ္တန်ရပ်ကွက်(၃)ရှိ အသင်းတော် ဘုရားကျောင်းဝင်းတွင် ၁၈-၁၂-၂၀၂၅ ရက်နေ့မှ ၂၁-၁၂-၂၀၂၅ ရက်နေ့အထိ လေးရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း
သိရပါသည်။ ပွဲတော်ဖြစ်မြောက်ရေးအတွက်လိုအပ်သည်များ ပြင်ဆင်နိုင်ရန် ဆပ်ကော်မတီများဖွဲ့စည်းခြင်း၊ လုပ်ငန်းတာဝန်ခွဲဝေခြင်းများကိုလည်းပြုလုပ်ခဲ့ကြောင်း သိရပါသည်။













