Blog

Beauty Tips

ထပ်မံလွှဲပြောင်းပေးအပ်အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၄၅ ဦး မြန်မာ – ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးအပ်ထပ်မံလွှဲပြောင်းပေးအပ်

ပူတာအို၊ ဇန်နဝါရီ ၂၀ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် အီသီယိုးပီးယားနိုင်ငံသား ၁၇ဦး၊ ယူဂန်ဒါနိုင်ငံသား ၁၆ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၁၁ ဦး နှင့် မာဒါဂတ်စကာနိုင်ငံသား တစ်ဦး၊ စုစုပေါင်းပြည်ပနိုင်ငံသား ၄၅ဦးတို့အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထား မှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံ လွှဲပြောင်းပေးခဲ့ပါတယ်။ အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေ ချောမွေ့ စေ ရေးအတွက် မြဝတီခရိုင် စီ...
Beauty Tips

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ဌာနဆိုင်ရာ/ ရုံးစာရွက် စာတမ်းများအား အခကြေးငွေရယူကာ လိမ်လည်အတုပြုလုပ်နေသူများအား ဖော်ထုတ်ဖမ်းဆီး

ပူတာအို၊ ဇန်နဝါရီ ၂၀ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ဌာနဆိုင်ရာ/ ရုံးစာရွက် စာတမ်းများအား အခကြေးငွေရယူကာ လိမ်လည်အတုပြုလုပ်နေသူများအား ဇန်နဝါရီလ ၁၄ ရက်နေ့က ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။ ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ဌာနဆိုင်ရာ/ရုံးစာရွက်စာတမ်းများအား အခကြေးငွေရယူကာ လိမ်လည်အတုပြုလုပ်ခြင်းများရှိကြောင်း သတင်းအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက သတင်းစုံစမ်းဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၆ နာရီခွဲအချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဗထူး(၁၁)လမ်းနေ ဂျင်မီအောင်(ခ)ကုလားကြီး(ခ)ဟာရွန်(၄၀)နှစ်၏ နေအိမ် အတွင်းမှ ၎င်းနှင့်အတူ ကျော်ထက်အောင်(၂၄)နှစ်တို့နှစ်ဦးအား ပြုလုပ်ထားပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားအတု ၄၅ ခု၊ ပြုလုပ်ဆဲ နိုင်ငံသားစိစစ်ရေ...
Beauty Tips

မင်္ဂလာပွဲတွင် ဖျော်ဖြေရန်အတွက်ဟုဆိုကာ ကျားဖျန့်ဂိုဏ်းသို့ လိမ်လည်ခေါ်ဆောင်ပြီး ပြန်ပေးဆွဲနှိပ်စက်ခံရကာ ကျပ်သိန်း သုံးထောင်ကျော်ပေးခဲ့ရဟု အဆိုတော်ရှင်မင်းမြတ် ပြောကြား

ပူတာအို၊ ဇန်နဝါရီ ၁၇ မင်္ဂလာပွဲတွင် ဖျော်ဖြေရန်အတွက်ဟုဆိုကာ ကျားဖျန့်ဂိုဏ်းသို့ လိမ်လည်ခေါ်ဆောင်ပြီး ပြန်ပေးဆွဲနှိပ်စက်ခံရကာ ကျပ်သိန်း သုံးထောင်ကျော်ပေးခဲ့ရဟု အဆိုတော်ရှင်မင်းမြတ်က သူ၏လူမှုကွန်ရက်မှတစ်ဆင့် ရေးသားထားဖော်ပြထားပါတယ်။ နှိပ်စက်ခံရသဖြင့် ရရှိထားသည့် ဒဏ်ရာများနှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ တိုင်ကြားထားသည့် စာတစ်စောင်ကို  အဆိုတော်ရှင်မင်းမြတ်က လူမှုကွန်ရက်တွင်ဖော်ပြထားပါတယ်။ အဆိုတော်ရှင်မင်းမြတ်မှာ မူဆယ်မြို့သို့ မဂ်လာဆောင် ကိစ္စဖြင့် ဖိတ်ကြားခံရပြီး ဇန်နဝါရီ ၄ ရက်က မန္တလေးမြို့သို့ မိတ်ဆွေတစ်ဦးနှင့်အတူ သွားရောက်ခဲ့ကြောင်း၊ ဇန်နဝါရီ ၅ ရက်တွင် မူဆယ်မြို့သို့ သွားရောက်ရန် ကားဖြင့်ခေါ်ဆောင်လာခဲ့ကြောင်း၊ မူဆယ်မြို့သို့ ရောက်ရှိချိန် ဇန်နဝါရီ ၆ ရက်တွင် ပွဲကျင်းပမည့်နေရာသို့ ကြည့်ရှုပြင်ဆင်ရန် သွားလိုကြောင်း ပြောရာ လူ လေးဦးက လာရောက်ခေါ်ဆောင်ခဲ့ကြောင်း၊ လူလေးဦးအနက် တစ်...
Beauty Tips

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဒီဇင်ဘာ(၁၈) နံနက်ပိုင်းတွင် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်ရှိ ကောင်းမှုလုံစေတီတော်အား သွားရောက်ဖူးမြော်ကြည်ညို

ပူတာအို၊ ဒီဇင်ဘာ ၁၉ ကချင်ပြည်နယ် ပူတာအိုမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်ရှိ ကောင်းမှုလုံစေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုပါတယ်။ ဦးစွာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် ကောင်းမှုလုံစေတီတော်ရှိ ဗုဒ္ဓရုပ်ပွားတော်အား ဆွမ်း၊ သစ်သီး၊ ဆီမီး၊ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ပြီး စေတီတော်အား လက်ယာရစ် လှည့်လည်...
Beauty Tips

ဒီမိုကရေစီစနစ်တွင် မဲပေးခြင်း၏ အရေးပါမှု

ဒီမိုကရေစီဆိုသည်မှာ ပြည်သူလူထု၏ ဆန္ဒမဲဖြင့် ရွေးကောက်တင်မြောက်ထားသော ပြည်သူကိုယ်စားလှယ်များမှ တိုင်းပြည်အုပ်ချုပ်ရေးကို ဆောင်ရွက်သည့် စနစ်ဖြစ်ပါသည်။ အဆိုပါစနစ်သည် ပြည်သူ့ဆန္ဒအပေါ် အခြေခံထားသည့် အုပ်ချုပ်မှုစနစ်တစ်ရပ်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံအများစုတွင် လက်ခံအသုံးပြုလျက်ရှိပါသည်။ နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းသည် အချိန်နှင့် လုပ်ငန်းစဉ်များလိုအပ်သော လမ်းကြောင်းတစ်ရပ်ဖြစ်ပြီး အချိန်တိုအတွင်း ပြည့်စုံသော အပြောင်းအလဲ ဖြစ်ပေါ်ရန် ခက်ခဲနိုင်ပါသည်။ ထို့ကြောင့် ပြည်သူ့အစိုးရအဆင့်မှ စတင်၍ တဖြည်းဖြည်း ပြုပြင်တိုးတက်လာမှသာ စနစ်တကျသော ဒီမိုကရေစီစနစ်တစ်ရပ် ပေါ်ပေါက်လာနိုင်မည်ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်တွင် ပြည်သူလူထု၏ ပါဝင်မှုသည် အရေးပါသော အခန်းကဏ္ဍတစ်ရပ်ဖြစ်ပြီး မဲပေးခြင်းသည် ပြည်သူ့ဆန္ဒကို တရားဝင်ဖော်ပြနိုင်သည့် အခြေခံနည်းလမ်းဖြစ်ပါသည်။ မည်သူ၊ မည်သည့်အဖွဲ့အစည်းက ရွေးကောက်ပွဲကို ကျင်းပပါစေ ...
Beauty Tips

ပူတာအိုခရိုင်အတွင်း ရဲတပ်ဖွဲ့ဝင်တချို့မှ ပြည်သူများထံ အခကြေးငွေနှင့် ပစ္စည်းများ မတရားတောင်းယူနေကြောင်း ဒေသခံများ စွပ်စွဲ

RSM Putao | အောက်တိုဘာလ ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း အောက်တိုဘာလမှ စတင်ကာ ရောက်ရှိလာသော ရဲတပ်ဖွဲ့ဝင်တချို့သည် လမ်းသွားလမ်းလာ ပြည်သူများထံမှ အခကြေးငွေ၊ မိုဘိုင်းဖုန်းနှင့် ကုန်ပစ္စည်းများကို အကြောင်းမဲ့ တောင်းယူနေကြောင်း ဒေသခံများက RSM Putao သို့ ပြောကြားလာသည်။ ဒေသခံများ၏ ပြောကြားချက်အရ ယင်းကဲ့သို့ လုပ်ရပ်များသည် ပူတာအိုလေဆိပ်အနီး၊ ဌာနယ်ပြည်သူ့စစ်ဂိတ် မရောက်ခင် လမ်းပိုင်းများ၊ ထဝါဒမ်းကျေးရွာ၊ မလိခမြစ်နဘေးရှိ ရဲစခန်းကုန်းအနီးနှင့် အလန်ဂါးကျေးရွာအတွင်းတို့တွင် အများဆုံး ဖြစ်ပွားနေကြောင်း သိရသည်။ အဆိုပါ နေရာများတွင် လမ်းပိတ်စစ်ဆေးမှုများ ပြုလုပ်ကာ ဒေသခံ လမ်းသွားလမ်းလာများအပြင် ခေါင်လန်ဖူး၊ နောင်မွန်၊ ပန်နမ်းဒင် စသည့် မြို့နယ်များမှ ပူတာအိုဘက်သို့ ခရီးသွားလာသည့် ပြည်သူများထံမှပါ ငွေကြေးတောင်းယူနေကြောင်း၊ ငွေမပေးနိုင်ပါက မိုဘိုင်းဖုန်းများကိုပါ သိမ်းဆည်းတောင်းယူသည့် ဖြစ်စဉ်များ ရှိန...
Beauty Tips

မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း (၁၈) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး ကျင်းပ

နိုဝင်ဘာ ၂၄၊ ပူတာအို မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း (၁၈) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နဝဒေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပပါတယ်။ ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦးက Video Message ပေးပို့၍ နှုတ်ခွန်း ဆက် အမှာစကားပြောကြားရာတွင် ၂၀၀၄ ခုနှစ်က စတင်ဖွဲ့စည်း ခဲ့သည့် မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းကို မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေအရ ၂၀၁၅ ခုနှစ်တွင် စာရင်းပညာဆိုင်ရာ အမျိုးသားအဆင့်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပြီး သီးခြားလွတ်လပ်သော မြန်မာနိုင်ငံ၏ စာရင်းပညာရှင်အဖွဲ့အစည်းအနေဖြင့် ရပ်တည်လျက် ရှိပါကြောင်း၊ စာရင်းပညာဖွံ့ဖြိုးတိုးတက်စေရေး၊ အသက်မွေးဝမ်းကျောင်းပညာရပ်၊ ကိုယ်ကျင့်တရားနှင့် စီမံအုပ်ချုပ်မှုဆိုင်ရာ စံများ၊ လ...
Beauty Tips

မဲခေါင်မြစ်ဝှမ်းဒေသတွင်း လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးစီမံကိန်း၏ (၆)ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးတက်ရောက်

နိုဝင်ဘာ ၂၃၊ ပူတာအို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ဗီယက်နမ် နိုင်ငံဟနွိုင်းမြို့၌ ကျင်းပသည့် မဲခေါင်မြစ်ဝှမ်းဒေသတွင်း လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးစီမံကိန်း၏ (၆)ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးသို့တက်ရောက်ရန် နိုဝင်ဘာ ၁၈ ရက်မှ ၂၁ ရက်အထိ ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ယမန်နေ့ညနေပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ခရီးစဉ်အတွင်း နိုဝင်ဘာ ၁၉ ရက်တွင် ပြည်ထောင်စုဝန်ကြီးပါဝင်သော မဲခေါင်ဒေသတွင်း နိုင်ငံများ၏ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များသည် ဗီယက်နမ်နိုင်ငံဒုတိယဝန်ကြီးချုပ် H.E. Mr. Bui Thanh Son နှင့် တွေ့ဆုံခဲ့ကြပါတယ်။ ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မဲခေါင်ဒေသတွင်း လူကုန်ကူးမှု ပူးပေါင...
Beauty Tips

KK Park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေ တို့အတွင်း Online လိမ်လည် လောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်နေကြသူများအား အဖွဲ့စုံပါဝင်သည့် စစ်ဆေးရေးအဖွဲ့များဖြင့် ဆက်လက် ရှင်းလင်း ဆောင်ရွက်

နိုဝင်ဘာ ၂၁၊ ပူတာအို မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် online လိမ်လည်မှုများ၊ online လောင်းကစားမှုများတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထား တိုက်ဖျက်ဆောင်ရွက်လျက်ရှိပါတယ်။  Online လိမ်လည်လောင်းကစားမှုကျူးလွန်သူအများစုသည် ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသော မြဝတီမြို့နှင့် အလှမ်းဝေးကွာသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများသို့ အိမ်နီးချင်းနိုင်ငံများမှတဆင့် ဖြတ်ကျော်ဝင်ရောက်လာကြခြင်းဖြစ်ပါတယ်။ အဆိုပါနယ်မြေများသည် တိုင်းရင်းသား လက်နက်ကိုင် EAOs ၊ KNU ၊ KNLA အဖွဲ့များ၊ NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် EAO အဖွဲ့အချို့နှင့် နယ်ခြားစောင့်တပ်ဖွဲ့ အမည်ခံတပ်ဖွဲ့များ ဝင်ရောက်လုပ်ကိုင် နေကြသော နယ်မြေများဖြစ်ပြီး ကိုယ်ကျိုးရှာ စီးပွားရေးသမားများသည် ၎င်းအဖွဲ့များနှင့် ချိတ်ဆက်၍ Onl...
Beauty Tips

ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ််များ ညှိနှိုင်းအစည်းအဝေးကျင်းပ

နိုဝင်ဘာ ၁၄ ၊ ပူတာအို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပါတယ်။ အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားလှယ်ဝန်ကြီးများ၊ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော်မရှင်ရုံးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ တာဝန်ရှိသူများ တက်ရောက်ကြပါတယ်။ အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဖြစ်စဉ်များကိုသ...