နေအိမ်ဖောက်ထွင်း သူခိုးလိုက်ဖမ်းရာမှ အိမ်ရှင်အမျိုးသားအသတ်ခံရ
ပူတာအိုမြို့နယ်၊ မာမူးလဲ့ကျေးရွာတွင် နေအိမ်ဖောက်ထွင်းခံရသောကြောင့် သူခိုးလိုက်ရာတွင် အိမ်ရှင်အမျိုးသားအသတ်ခံရကြောင်းသိရပါသည်။
ဖြစ်စဉ်မှာ ၁၈.၁၀.၂၀၂၅ ရက်နေ့ တွင် မာမူးလဲ့ကျေးရွာတွင်နေထိုင်သူ အမျိုးသားတစ်ဦးမှာ ကျေးဇူးတော်ချီးမွမ်းပွဲပြုလုပ်ရာ ဘုရားကျောင်းမှ ညနေ
၁ နာရီခန့်တွင်မိမိနေအိမ်သို့ပြန်လာရာ နေအိမ်မှာသူခိုးဖောက်ထွင်းခံရသဖြင့် သူခိုးနောက်လိုက်သွားခဲ့သည်။ ညနေစောင်းအထိ မပြန်လာသဖြင့် သူ့အမျိုးသမီးနှင့်မိသားစုများက စိုးရိမ် လာသောကြောင့် ဘုရားကျောင်းမှ ရွာသားများကို အကြောင်းကြားကာ သူလိုက်သွားသော ကျေးရွာ အနောက်ဘက်ရှိ သစ်တောထဲကို ရှာဖွေခဲ့ရာ ခန္ဓာကိုယ်နှင့်ဦးခေါင်းတို့တွင် ကျောက်ခဲဟုယူဆရသော အရာဖြင့်ရိုက်ခံရသဖြင့် အသက်သေဆုံးလျှက်တွေ့ရှိခဲ့ကြောင်း သိရပါတယ်။
ရွာသားတစ်ဦးက " မနေ့က ၁ နာရီကျော်လောက်ဖြစ်မယ်။ ဘုရားကျောင်းမှာ ကောက်သစ်စားပွဲလုပ်နေတာ။ ဘုရားကျောင်းကနေအိမ်ပြန်တဲ့ချိန် အဲလိုဖြစ်သွားတ...