News

ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card- OWIC) ပေါ်တွင် လုံခြုံရေး Sticker အသုံးပြုသွားမည့်ကိစ္စနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်
News

ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card- OWIC) ပေါ်တွင် လုံခြုံရေး Sticker အသုံးပြုသွားမည့်ကိစ္စနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) ကိုင်ဆောင်ထားပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ ပြည်ပနိုင်ငံများသို့ ရောက်ရှိသည့်အချိန် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါ ခံစားခွင့်များ ရရှိနိုင်စေရန်နှင့် အလုပ်သမားရေးရာကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card-OWIC) ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုသို့ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card-OWIC) ထုတ်ပေးရာတွင် အတုအပများ မရှိစေရန်နှင့် ပိုမိုလုံခြုံမှုရှိစေရန်အတွက် OWIC ကတ်ပေါ်တွင် လုံခြုံရေး Sticker ကပ်၍ ထုတ်ပေးခြင်းကို ၁-၈-၂၀၂၅ ရက်နေ့မှစတင်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ အလုပ်သမားဝန်ကြီးဌာန...
ထလာထုကျေးရွာမှ ရေဘေးသင့်ပြည်သူများအား ဌာနဆိုင်ရာများနှင့်
News

ထလာထုကျေးရွာမှ ရေဘေးသင့်ပြည်သူများအား ဌာနဆိုင်ရာများနှင့်

အသင်းအဖွဲ့များမှ ကြိုဆိုထောက်ပံ့ခဲ့ကြောင်း ပန်နမ်းဒင်မြို့နယ်၊ ထလာထုကျေးရွာ ရေဘေးသင့်ပြည်သူမိသားစုငါးစု နောင်မွန်မြို့နယ်သို့ရောက်ရှိလာပြီး ဌာနဆိုင်ရာများနှင့် ဘာသာရေး အသင်းတော်များမှ လိုက်လှဲစွာကြိုဆိုခဲ့ကြောင်း သိရသည်။ ရောက်ရှိလာသူမိသားစုများအား အဖွဲ့စည်းအသီးသီးမှ ထောက်ပံ့ရေးပစ္စည်းများဖြင့် ကူညီထောက်ပံ့‌ပေးခဲ့ကြောင်း သိရသည်။ နေရာထိုင်းခင်းအတွက် ဆောက်လုပ်ရေးပစ္စည်းများလည်းလိုအပ်‌နေသေးကြောင်း ကူညီဆောင်ရွက်ပေးသူ တစ်ဦးမှ RSM ထံသို့ပြောပြလာသည်။ ပူတာအို၊ ဇူလှိုင် ၂၇ # RSM...
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ကြေငြာခြင်း
News

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ကြေငြာခြင်း

၂၇ ဇူလိုင်၊ ပူတာအို ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ၂၇.၇.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှထုတ်ပြန်ကြေငြာကြောင်း သိရှိရပါသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ဖြေဆိုသူ (၂၀၇၈၉၈)ဦး၊ အောင်မြင်သူ(၉၉၉၂၄)ဦးဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်း (၄၈.၀၆%)ဖြစ်ပြီးကချင်ပြည်နယ်တွင် ဖြေဆိုသူ (၈၅၈၄) ဦး၊ အောင်မြင်သူ (၄၁၀၀)ဦး၊ အောင်ချက်ရာခိုင်နှုန်း (၄၇.၇၆%)ဖြစ်ကာ ပူတာအိုမြို့နယ်တွင် ဖြေဆိုသူ (၅၅၀) ဦး၊ အောင်မြင်သူ (၁၈၆)ဦး၊ အောင်ချက်ရာခိုင်နှုန်း (၃၃.၈၂%)ဖြစ်ကြောင်းသိရှိရသည်။ # RSM...