Sport

ခေါင်လန်ဖူး(ဌာနေ)ပြည်သူ့စစ်အဖွဲ့၊ ပြည်သူ့ဆက်ဆံရေးဌာန မှ ဒုတ္တန်ရပ်ကွက်တွင် ဘောလုံးပြိုင်ပွဲကျင်းပခဲ့ကြောင်း
Sport

ခေါင်လန်ဖူး(ဌာနေ)ပြည်သူ့စစ်အဖွဲ့၊ ပြည်သူ့ဆက်ဆံရေးဌာန မှ ဒုတ္တန်ရပ်ကွက်တွင် ဘောလုံးပြိုင်ပွဲကျင်းပခဲ့ကြောင်း

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ ခေါင်လန်ဖူး(ဌာနေ) ပြည်သူ့စစ်အဖွဲ့၊ ပြည်သူ့ဆက်ဆက်ရေးဌာန မှ ကြီးမှူး၍ ဇူလိုင် (၂၃) ရက်နေ့ ဒုတ္တန်ရပ်ကွက် ဘောလုံးကွင်းတွင် ဒုတ္တန်ရပ်ကွက် တောင်နှင့် မြောက်ယှဥ်ပြိုင်ကစားခဲ့ကာ ပထမအပိုင်းတွင် နှစ်ဘက်ဂိုးမရှိ သရေရလဒ်ဖြင့်သာကျေနပ်ခဲ့ရပြီး အားလပ်ချိန်တွင် ပြည်သူစစ်အဖွဲ့မှ ပွဲလာပရိတ်သတ်များအား စစ်ရေးပြ အခမ်းအနားဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။ စစ်ရေးပြ အခမ်းနားပြီးနောက် ဘောလုံးပြိုင်ပွဲကို ဆက်လက် ယှဥ်ပြိုင်ကစားစေခဲ့ရာ ဒုတိယပိုင်းပွဲအစတွင် ဒုတ္တန်တောင်ပိုင်းအဖွဲ့မှ အဖွင့်ဂိုးကိုရရှိခဲ့ပြီး မကြာခင်အချိန်အတွင်း မြောက်ပိုင်းအဖွဲ့က ချေပဂိုး ပြန်လည်ရရှိခဲ့ကာ ပွဲပြီးခရာမှုတ်သည်အထိ တစ်ဘက်တစ်ဂိုးစီ သရေရလဒ်သာထွက်ပေါ်ခဲ့သဖြင့် ပယ်နတီ ကန်စေခဲ့ရာ တောင်ပိုင်းက ပယ်နတီ ရဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ အလားတူ ပူတာအိုမြို့နယ် မူလာအွန်၊ ဆန်ကောင် ရွာများ၌လည်းကောင်း၊မချမ်းဘောမြို့နယ် နမ်...