KIA, KPF နှင့် PDF အဖွဲ့ဝင်များ ပူတာအိုခရိုင်အတွင်း အလင်းဝင်ရောက် သူများရှိ

ပူတာအို ဇူလိုင် ၂၃

ပူတာအိုခရိုင်အတွင်းရှိ တပ်မတော်တပ်ရင်းတပ်ဖွဲ့များ နှင့် ခေါင်လန်ဖူး(ဌာနေ) ပြည်သူ့စစ်တပ်ဖွဲ့များသို့ KIA, KPF, နှင့် PDF အဖွဲ့များမှ အဖွဲ့ဝင်များ မကြာခဏ အလင်းဝင်ရောက်လာခြင်းများ ရှိလာကြောင်းသိရှိရသည်။

အဆိုပါအလင်းဝင်ရောက်လာသူများသည် KIA အဖွဲ့လက်အောက်တွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များအဖြင့် တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ပြီး KIA ၏ အပြောနှင့်လက်တွေ့မကိုက်ညီသည့် လုပ်ရပ်များ၊ တိုင်းရင်းသားများအတွင်း ခွဲခြားဆက်ဆံမှုများ၊ လက်တွေ့မဖြစ်နိုင်သည့် မျှော်ကိုးချက်များကို သိရှိလာခြင်း တပ်မတော်နှင့်အစိုးရ၏ ဖိတ်ခေါ်မှုကို ယုံကြည်ခြင်းတို့ကြောင့် အလင်းဝင်လာခြင်းဖြစ်ကြောင်းသိရသည်။

၂၀၂၅ ခုနှစ် ဇွန်လ မှ ဇွန်လှိုင်လအတွင်း အလင်းဝင်ရောက်လာသူဦးရေမှာ ၁၄ဦး ဖြစ်ကြောင်း၊ ရဝမ်၊ လီဆူ၊ ဗမာ၊ ရှမ်း တိုင်းရင်းသားလူငယ်များဖြစ်ကြောင်း၊ အထူးသဖြင့် လန်ဆယ်ဒေသ လန်ဟီဆင်ရှေ့တန်းစခန်း နှင့် ဆွမ်ပီယန် ဒေသတို့တွင် KIA မှ တာဝန်ပေးထားသူများဖြစ်ကြောင်းတွေ့ရသည်။

KIA, KPF နှင့် PDF အဖွဲ့များအတွင်း ရှေ့တန်းစခန်းများတွင် ရိက္ခာ နှင့်ဆေးဝါးများ ခတ်ခဲခြင်း ဂျိန်းဖော့လူမျိုးမှ အပ ကျန်တိုင်းရင်းသားများအားအရေးတယူမလုပ်ခြင်း KIA ၏ မူဝါဒလမ်းစဥ်များသည် ကြားကောင်းယုံသာဖြစ်ပြီး လက်တွေ့မဖြစ်နိုင်ခြင်းတို့ကြောင့် တပ်မတော်နှင့် နိုင်ငံတော်အစိုးရထံသို့ အလင်းဝင်ရောက်လာသူများစွာ ရှိကြောင်းသိရသည်။

ယခုကဲ့သို့ အလင်းဝင်ရောက်လာသူများအား တပ်မတော်နှင့် ပြည်သူ့စစ်များမှ ကောင်းမွန်စွာလက်ခံပြီး သက်ဆိုင်ရာမိဘအုပ်ထိန်းသူများ ထံသို့ လွဲပြောင်းအပ်နှံပေးခြင်းများ ရှိကြောင်း သိရသည်။

# RSM

Photo Crd.