Blog

KIA, KPF နှင့် PDF အဖွဲ့ဝင်များ ပူတာအိုခရိုင်အတွင်း အလင်းဝင်ရောက် သူများရှိ
Local

KIA, KPF နှင့် PDF အဖွဲ့ဝင်များ ပူတာအိုခရိုင်အတွင်း အလင်းဝင်ရောက် သူများရှိ

ပူတာအို ဇူလိုင် ၂၃ ပူတာအိုခရိုင်အတွင်းရှိ တပ်မတော်တပ်ရင်းတပ်ဖွဲ့များ နှင့် ခေါင်လန်ဖူး(ဌာနေ) ပြည်သူ့စစ်တပ်ဖွဲ့များသို့ KIA, KPF, နှင့် PDF အဖွဲ့များမှ အဖွဲ့ဝင်များ မကြာခဏ အလင်းဝင်ရောက်လာခြင်းများ ရှိလာကြောင်းသိရှိရသည်။ အဆိုပါအလင်းဝင်ရောက်လာသူများသည် KIA အဖွဲ့လက်အောက်တွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များအဖြင့် တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ပြီး KIA ၏ အပြောနှင့်လက်တွေ့မကိုက်ညီသည့် လုပ်ရပ်များ၊ တိုင်းရင်းသားများအတွင်း ခွဲခြားဆက်ဆံမှုများ၊ လက်တွေ့မဖြစ်နိုင်သည့် မျှော်ကိုးချက်များကို သိရှိလာခြင်း တပ်မတော်နှင့်အစိုးရ၏ ဖိတ်ခေါ်မှုကို ယုံကြည်ခြင်းတို့ကြောင့် အလင်းဝင်လာခြင်းဖြစ်ကြောင်းသိရသည်။ ၂၀၂၅ ခုနှစ် ဇွန်လ မှ ဇွန်လှိုင်လအတွင်း အလင်းဝင်ရောက်လာသူဦးရေမှာ ၁၄ဦး ဖြစ်ကြောင်း၊ ရဝမ်၊ လီဆူ၊ ဗမာ၊ ရှမ်း တိုင်းရင်းသားလူငယ်များဖြစ်ကြောင်း၊ အထူးသဖြင့် လန်ဆယ်ဒေသ လန်ဟီဆင်ရှေ့တန်းစခန်း နှင့် ဆွမ်ပီယန် ဒေသတို့တွင်...
မူးယစ်ဆေးစွဲလူနာများအား ပြုစုပညာပေးခြင်းနှင့် ဘ၀ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ခေါင်လန်ဖူး(ဌာနေ)ပြည်သူ့စစ်အဖွဲ့၏အစီအစဉ်ဖြင့်စတင်လျက်ရှိ
Local

မူးယစ်ဆေးစွဲလူနာများအား ပြုစုပညာပေးခြင်းနှင့် ဘ၀ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ခေါင်လန်ဖူး(ဌာနေ)ပြည်သူ့စစ်အဖွဲ့၏အစီအစဉ်ဖြင့်စတင်လျက်ရှိ

မူးယစ်ဆေးဝါးသည် လူသားမျိုးနွယ်တစ်ခုလုံးအား လူညွှန့်တုန်းစေသည့် ကမ္ဘာ့အန္တာရာယ်တစ်ရပ်ဖြစ်သဖြင့် နိုင်ငံတိုင်းသည် အမျိုးသားရေးအဆင့်ထားကာ ကာကွယ်တားဆီးသည့် လုပ်ငန်းဖြစ်ပါသည်။ ယခုအခါ ဒေသအသီးသီးတွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု သုံးစွဲမှုတို့သည် နေ့စဉ်တိုးပွားလျက်ရှိရာ သုံးစွဲသူဘ၀ဆုံးရှုံးသည်သာမက ၄င်းတို့၏မိသားစု၊ ၄င်းပါ၀င်သည့် လူမျိုးနှင့် ဘာသာသာသနာတို့၏ အနာဂတ်အတွက် အလွန်စိုးရိမ်ရသောအခြေအနေများ ဖြစ်ပေါ်လျက်ရှိပါသည်။ ခေါင်လန်ဖူး(ဌာနေ)ပြည်သူ့စစ်အဖွဲ့၏ ပြည်သူ့အကျိုးပြုလုပ်ငန်းစဉ်များတွင် မူးယစ်အန္တာရာယ် ကာကွယ်တားဆီးရေးလုပ်ငန်းသည်လည်း လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ပါ၀င်လျက်ရှိကာ ယခုနှစ်မှစပြီး မူးယစ်ဆေးစွဲလူနာများအား ပြုစုကုသခြင်းနှင့် ၄င်းတို့၏ဘ၀ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်ထိရောက်အောင်မြင်စေရန် ဒေသအတွင်းရှိ ဘာသာရေးအသင်းအဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့များ...